“ဒုက္ခအငူ”
ဗြိတိသျှလူမျိုး ရေကြောင်းစူးစမ်း လေ့လာသူ “ဂျိမ်းစ်ခွတ်” ၏ သင်္ဘောသည် ၁၇၇၀ ခုနှစ်၊ ဇွန်လ (၁၀) ရက်တွင် ကျောက်တန်းနှင့် တိုက်မိသဖြင့်၊ သူက ရေနက်ပိုင်းသို့မောင်းရာ ထပ်တိုက်မိပြီး သင်္ဘော နစ်မြုပ်သွားသည်။ ဤအဖြစ်အပျက်ကြောင့် 'ခွတ်' က သင်္ဘော ခရီးစဉ်မှတ်တမ်း၌ “ဤမြောက်ပိုင်း အမှတ်ကို 'ဒုက္ခအငူ' (Cape Tribulation) ဟု မှည့်ခေါ် လိုက်သည်။ ဤနေရာမှ အစပြု၍ ကျွန်ုပ်တို့ ဒုက္ခရောက်ရတော့သည်” ဟု ရေးသားခဲ့သည်။ စုံစမ်းစစ်ကြောမှု တစ်ခုနောက် တွဲပြီးပါလာသည့် စစ်ကြောမှုများကို ကျွန်ုပ်တို့ခံစားဖူးပါလိမ့်မည်။ အလုပ်ပြုတ်ခြင်း၊ ချစ်ခင်သူတို့ ဆုံးပါးသွားခြင်း၊ အိမ်ထောင်ပြိုကွဲခြင်း၊ ကျမ်းမာရေး ကျဆင်း ယိုယွင်းခြင်း စသည်ဖြင့် တစ်ခုခု ဖြစ်နိုင်သည်။ အခက်ပြဿနာတစ်ရပ်က 'ဒုက္ခအငူ' ကဲ့သို့ဆက်နွယ်ဖြစ်ပေါ်နေငြားလည်း၊ အဖဘုရား သည် အချုပ်အခြာဖြင့် ဧကန်ထိန်းချုပ်လျက်ရှိသည်။ ဒုက္ခပြဿနာများကို…
ငွေရေးကြေးရေး
'မာလင်းနှင့် စတီဗင်'တို့ အိမ်ထောင်ပြု ခဲ့သည်မှာ နှစ်အတန်ကြာခဲ့ပြီ။ သို့သော် ငွေကြေးမပြေလည်ပါ။ နွမ်းရိပါးလိုက်နေသော အိပ်ရာဖုံးကိုကြည့်ပြီး 'မာလင်း' အသစ်လဲချင် သည်။ ထို့နောက် အကြွေးဝယ်ကဒ်နှင့် ဝယ်ရန် ဆုံးဖြတ်လိုက်ပြီး တစ်နည်းနည်းဖြင့် ငွေပြန်ရှာပြီး အကြွေးဆပ်မည်ဟု မျှော်လင့်ခဲ့သည်။
သို့သော် ထိုနေ့က ဖတ်ရှုခဲ့သော ကျမ်းစာ မှ သု ၂၂း၂၇ တွင် “သင်၌ပေးရန်မရှိလျှင် သင့်အိပ်ရာကို အဘယ်ကြောင့် ယူသွားစေချင် သနည်း”ဟု ဖတ်လိုက်ရ၍ သူအလွန်အံ့သြသွား သည်။ သို့နှင့်ထိုနေ့က အကြွေးနှင့် အိပ်ရာဖုံး မဝယ်တော့ဟု 'မာလင်း' ဆုံးဖြတ်လိုက်သည်။
မိမိ၏ငွေကို မည်သို့သုံးစွဲမည်ဆိုသည့် ကိစ္စက ဘုရားနှင့်မိမိကြား တစ်ဦးချင်းဆုံးဖြတ် ရမည့်ကိစ္စဖြစ်ပြီး ခက်ခဲနိုင်ပါသည်။ သို့သော် ဘုရားသခင်က ကျွန်ုပ်တို့အား ကူရာမဲ့စွန့်ပစ်မထားပါ။ “သင်သည် ကိုယ်ဥစ္စာနှင့် အဦးသီး သော အသီးအနှံရှိသမျှကို ထာဝရဘုရားအား ပူဇော်လော့…
သင်သည်ကောင်းစွာပြုပြီ။
ပြင်းထန်သော ဦးနှောက်လေဖြတ်သည့် ရောဂါသည် 'ဒေးဗစ်ရှူး' ၏ အောက်မေ့ဘွယ် ဝတ်၌ သူ၏ ယုံကြည်ခြင်း၊ သည်းခံခြင်း၊ အကောင်းမြင်စိတ်များကို ကျွနု်ပ်တို့ ဆင်ခြင်မိ သည်။ အသက် ၇၄ နှစ်ရှိ 'ဒေးဗစ်' အဖို့ နေ့စဉ် ဘဝရှင်သန်ရန် အလွန် အားထုတ်ခဲ့ရသည်။ သို့ငြားလည်း သူသည် အပြုံးမပျက်၊ ဆေးရုံ၌ နာရီပေါင်း ၂၃၀၀၀ (၃ နှစ်နီးပါး) မျှ လုပ်အား ပေးခဲ့ပြီး စိုးရိမ်ဖွယ်အခြေအနေ၌ ရှိသည့် ဆယ်ကျော်သက်များကို အားပေးခဲ့၏။
'ဒေးဗစ်'က သူ့အောက်မေ့ဘွယ်ဝတ်၌ ဟေရှာ ၃၅း၃-၁၀ ကို ဖတ်ရန် ရွေးချယ်ခဲ့သည်။ “အားမရှိသော လက်တို့ကို ခိုင်ခံ့စေကြလော့။ လှုပ်တတ်သော ဒူးတို့ကို မြဲမြံစေကြလော့။ မစိုးရိမ်ကြနှင့်ဟု ကြောက်တတ်သောသူတို့အား ဆိုကြလော့။ အကြောင်းမူကား သင်တို့၏ ဘုရားသခင်သည် အပြစ်ပေးလျက် ဒဏ်စီရင်လျက် ကြွလာတော်မူလိမ့်မည်။…
ပြန်ပြောင်းပြောပါ
ရုပ်ရှင်ရိုက်ကူးသူ 'ဂျော့ လူးကပ်စ်' ကို
'Wired' မဂ္ဂဇင်းမှ တွေ့ဆုံမေးမြန်းစဉ် မည်ကဲ့သို့သော ပုဂ္ဂိုလ်အဖြစ် သူ့ကိုအမှတ်ရ စေလိုသနည်းဟု မေးရာ၊ သူက “ရုပ်ရှင် ရိုက်ကူးသူ အဖြစ် ကျွန်တော့်ကိုလူတွေမှတ်မိ မှာပါ။ ...ကျွန်တော်ရိုက်ကူးတဲ့ ဇာတ်လမ်းတွေ ဟာ ခေတ်နဲ့ဆီလျော်ဆဲ ဖြစ်မယ်လို့မျှော်လင့် ထားပါတယ်။ ကလေးတွေကို ပြုစုဖူးရင် သိပါလိမ့်မယ်။ သူတို့လေးတွေကိုရှင်းပြပြောပြ ရတာတွေလေ ... မရှင်းပြ မပြောပြမိခဲ့ရင် သူတို့တွေ တကယ့်ခေါင်းခဲစရာနဲ့ စခန်းသွားရ ရော...။ ဒါ့ကြောင့် ဇာတ်လမ်းကောင်းတွေ ကို မျိုးဆက်သစ်တွေ လက်ခံနိုင်တဲ့ ပုံစံတွေ၊ အသွင်တွေနဲ့ တစ်ဖန် ထပ်တင်ဆက်ဖို့ လိုတယ်။ ဇာတ်လမ်းဟောင်းတွေကိုကျော်ပြီး လုပ်ဖြစ်မယ်လို့ ကျွန်တော် မထင်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီဇာတ်လမ်းဟောင်း တွေကို ပြန်ပြောပြဖို့ လိုတယ်လို့ ကျွန်တော် ယူဆလို့ပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။
ဆာလံ…
ဂုဏ်ပြုချီးမြှောက်ခြင်းကျင့်ဝတ်
ကျွန်မတို့အိမ်အနီးအနား ဝန်းကျင် လမ်းဘေး တစ်လျှောက်၌ ၂ နှစ်ခံ သီးပင် စားပင် နှင့် ဟင်းသီးဟင်းရွက်များ ရောင်းချသည်။ တစ်ခါတစ်ရံ ကျွန်မတို့က ပိုင်ရှင်မဲ့အပင်များ ရှိသည့် မြေကွက်ထဲထိ ကားမောင်းချသွားပြီး အပင်များကို စိတ်ကြိုက်ရွေးယူပြီး ဘူး(သို့) ကော်ဖီခွက်ဟောင်းတစ်ခုခု၌ ပိုက်ဆံထည့်ခဲ့ ရသည်။ ထိုအပင်မှ လတ်ဆတ်သည့်အသီးအနှံ နှင့် ဟင်းသီးဟင်းရွက်များကို ကျေနပ်ကြည်နူးစွာ သုံးဆောင်ရသည်။
သို့သော် ထိုစနစ်က အမြဲအလုပ်မဖြစ် ပါ။ ကျွန်မသူငယ်ချင်း 'ဂျက်ကီ' က သူ့အိမ်ရှေ့၌ စင်ဆောက်ပြီး ပန်းပင်များ တင်ထားသည်။ တစ်နေ့တွင် ဦးထုပ်လှလှ၊ ဝတ်ကောင်းစားလှနှင့် အမျိုးသမီးတစ်ဦးက သူ့ကားနောက်တွဲပေါ်သို့ ပန်းအိုးများ တင်နေသည်ကို ပြူတင်းပေါက်မှ လှမ်းတွေ့လိုက်သည်။ 'ဂျက်ကီ' က နှစ်ခြိုက်စွာပြုံးရင်း သူအပင်ပန်းခံခဲ့သမျှ ငွေဒေါ်လာ ၅၀ ခန့်ရလိမ့်မည်ဟု ခန့်မှန်းတွက်ချက်လိုက်သည်။ သို့သော် ပိုက်ဆံထည့်ရန် ဗူးကို…
ကုန်လွန်ခဲ့သည့် အချိန်များအတွက်
မိမိ၌ နောင်တမရှိဟု မည်သူမျှမပြောနိုင်။ မိမိ၏ဆိုးရွားသော ရွေးချယ်ဆုံးဖြတ်မှုက (ဆိုး လျှင်ဆိုးသလောက်) ခန္ဓာ၊ စိတ်၊ ဝိညာဉ်ပိုင်း၌ ကြာမြင့်စွာ သက်ရောက်ထိခိုက်တတ်သည်။
ကျွန်တော့်မိတ်ဆွေတစ်ဦးသည် အရက်နှင့် မူးယစ်ဆေးစွဲဘဝဖြင့် နှစ်များစွာကျင်လည် ခဲ့သည်။ သို့သော် ဘုရားသခင်က သူ့ဘဝ၌ အံ့ဖွယ်အမှုပြုခဲ့သည်။ မကြာမီက ဆေးသမား ဘဝမှ လွတ်မြောက်ခဲ့ခြင်း ၂၅ နှစ်မြောက် ချီးမွမ်းခြင်းကို ကျင်းပခဲ့သည်။ ယခုတွင် သူသည် အောင်မြင်သော လုပ်ငန်းရှင်ဖြစ်ပြီး ယေရှုခရစ်ကိုချစ်လျက် ဘုရားဝတ်၌မွေ့လျော် သည့် ဇနီးသားသမီးများနှင့် ဝန်းရံလျက် ရှိနေသည်။ သူသည် ဘဝချိုင့်နက်ထဲကျနေသူ များကို ဧဝံဂေလိဝေငှရန် ဆန္ဒရှိပြီး လမ်းပြစောင်မသူအဖြစ် အစေခံနေသည်။
ဘုရားသခင်သည် မည်သူ့ကိုမှ လက်မလျှော့လိုက်ပါ။ ကြေကွဲမှုနောင်တ များစွာကို ဖြစ်စေသော၊ ညံ့ဖျင်းသော၊ ဆုံးဖြတ်ချက်ရွေးချယ်မှုအမှားများ ပြုခဲ့မိလည်း၊ ယခုမှစ၍ ရှေ့ဆက်မည်သို့ အသက်ရှင်မည်ကို ကျွနု်ပ်တို့ ရွေးချယ်ဆုံးဖြတ်နိုင်ပါ…
ရိုးရှင်းစေပါ
အမေရိကန်နိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို ရေးဆွဲရာ၌ စတုတ္ထမြောက်သမ္မတ 'ဂျိမ်းစ် မက်ဒီဆင်' သည် အကျိုးဆောင်တစ်ဦး အဖြစ်ပါဝင်ခဲ့သည်။ သူက ဥပဒေများအတည်ပြု ခြင်းနှင့်ပတ်သက်၍ “စာအုပ် အတွဲများလွန်း၍ မဖတ်နိုင်၊ ရှုပ်ထွေးလွန်းလှ၍ နားမလည်နိုင် မဖြစ်ပါစေနှင့်” ဟု သတိပေးခဲ့သည်။ ကျွန်တော် ဖတ်ဖူးသည့် အစိုးရလျှောက်လွှာ ပုံစံများကို ကြည့်ပြီး ၄င်းသတိပေးချက်ကို ပိုအလေးထားရန် လိုကြောင်း တွေးမိသည်။
တစ်ခါတစ်ရံ ဧဝံဂေလိသတင်းစကားကို ဝေမျှရာ၌ လိုသည်ထက်ပို၍ ရှုပ်ထွေးအောင် ကျွန်တော်တို့ လုပ်မိတတ်သည်။ သမ္မာကျမ်းစာ ၌ သတင်းကောင်းကို ရှင်းလင်း၍နားလည် လွယ်အောင် ဖော်ပြထားခြင်းက ကျွန်တော်တို့ အတွက် ဝမ်းသာစရာပါ။ သခင်ယေရှုက ပညာတတ်ဖာရိရှဲ နိကောဒင်အား “ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည့်တိုင်အောင်…
ရည်မှန်းချက်ထားခြင်းက မှားသလား။
ရည်မှန်းချက်ထားခြင်းက မှားသလား။ အကောင်းဆုံးရအောင် ကြိုးစားခြင်းက မှားသလား။ မိမိ၏ပန်းတိုင်နှင့် မိမိကို တွန်းအား ပေးသောအရာသည် ဘုရားဘုန်းတော် ထင်ရှား စေရန်လား၊ မိမိကိုယ်ကျိုးအတွက်လားဆိုသည့် အပေါ်တွင် မူတည်၍ မှားသော ရည်မှန်းချက်နှင့် မှန်သော ရည်မှန်းချက်ကို ဖြစ်စေသည်။
၁ သက် ၄း၁ ၌ ရှင်ပေါလုက ခရစ်ယာန်များအား ဘုရားသခင်နှစ်သက်သော အသက်တာဖြင့် ဘဝရှင်သန်ရန် တိုက်တွန်းထား သည်။ လူအချို့က ကယ်တင်ခြင်းသို့ရောက်ပြီး ရုတ်ခြည်းအသက်တာ ပြောင်းလဲခြင်းကို ဘုရား နှစ်သက် ကျေနပ်သည်။ အချို့မှာမူ ၄င်းတို့၏ အသက်တာအစပိုင်း၌ လွဲချော်မှုများ၊ အဖုအထစ် များနှင့် စခဲ့ပြီး အဆင့်ဆင့်ပြောင်းလဲခြင်းမျိုးဖြစ်သည်။ ပြောင်းလဲမှုက ချက်ချင်းဖြစ်စေ၊ ဖြည်းဖြည်းချင်း ဖြစ်ပေါ်သည်ဖြစ်စေ ခရစ်ယာန်များသည် ဘုရားသခင်၏ပန်းတိုင်ကို ဖြည့်ဆည်းရန်ဖြစ်ပြီး တကိုယ်ကောင်း မိမိကိုယ်ကျိုးအတွက် လုပ်ဆောင်ရန် မဟုတ်ပါ။
အလုပ်ခွင်၌ ထူးခြားပြောင်းလဲခြင်းသည် အခြားသူများကို…
သင့်၏တံဆိပ်ကိုစောင့်ရှောက်ပါ
နာမည်ကြီးတံဆိပ်နှင့် အဝတ်အစားများ ရောင်းချသူတို့သည် ၎င်းတို့၏ဆိုင်၌ မော်ဒယ်များ ကဲ့သို့ ထိုအဝတ်အစားကို ဝတ်ဆင်၍ကြော်ငြာ သည့် အရောင်းဝန်ထမ်းများကို လိုအပ်သည်။ ထိုသို့ကြော်ငြာခြင်းကို “တံဆိပ်ကို စောင့်ရှောက် ခြင်း” ဟုခေါ်သည်။ ထိုသို့ပြုလုပ်ရသည့် နောက်ကွယ်မှ ရည်ရွယ်ချက်မှာ ဝယ်သူသည် ထိုသို့ ဝတ်ဆင်ထားသူများကို မြင်ရခြင်းဖြင့်၊ သူတို့ နည်းတူ လှချင်စိတ်ဖြစ်ပေါ်ပြီးအဝတ်အစား ဝယ်ယူမည့် အလားအလာ ပိုများခြင်းကြောင့် ဖြစ်သည်။
ဝယ်ယူသူကို ဦးတည်ဆွယ်နေသည့် ယနေ့ အချိန်အခါတွင် လှပသူများ ဝတ်သည့် အဝတ်ကို လိုက်ဝတ်ခြင်းဖြင့် လူအများ၏လက်ခံမှု၊ နှစ်သက်မှုကို “ဝယ်ယူ၍” ရနိုင် သလိုလို၊ ထိုအတွေးဝင်သွားရန် လွယ်လှသည်။ မိမိပုံစံက ကြည့်ကောင်းနေလျှင် လူတို့နှစ်သက်မည်ဟု ကျွန်ုပ်တို့ ယုံကြည်လက်ခံအောင် ရောင်းချသူများက ဆွယ်မည်ပင်။
မိမိကိုယ်ကို ဆွဲဆောင်မှုရှိအောင် လုပ်ခြင်းဖြင့် လူတို့ ဘုရားသခင်ကို ယုံကြည်သူများ ဖြစ်လာအောင် လုပ်နိုင်သည်ဟုပင်…
I LOVE .....
ရေကူးကန်တစ်ခု၌ ကျွန်မတို့ဇနီးမောင်နှံ ရှိနေချိန်တွင် အနီးအနားမှ လူများ ကောင်းကင်သို့ ကြည့်နေကြ၍ ကျွန်မတို့ လိုက်ကြည့်မိရာ လေယာဉ်ငယ်တစ်စီးက မီးခိုးဖြင့် စာလုံးပုံဖော်နေသည်ကို တွေ့ရ သည်။ ကျွန်မတို့ ကြည့်နေစဉ် “I L.O.V.E” (ကျွန်ုပ်ချစ်သည်) ဟူသည့် စာလုံးပေါ်လာ သည်။ လက်ထပ်ခွင့်ပန်ခြင်း ဖြစ်မည်ဟု လူအများက ထင်ကြေးပေးကြသည်။ ဆက်၍ ကြည့်နေစဉ် I LOVE JE ဟူ၍ပေါ်လာရာ၊ “ငါ လောင်းရဲတယ်။ 'ဂျဲန် ဒါမှမဟုတ် ဂျက်စီကာ' ဖြစ်မယ်” ဟု မိန်းကလေးများ၏ ထင်ကြေး ပေးသံကြားရသည်။ သို့သော် JESUS(ယေရှု) ဖြစ်ပါသည်။ လေယာဉ်မှူးသည် သခင်ယေရှုကို သူချစ်ကြောင်း လူအများမြင်စေရန် ကြေငြာနေခြင်း ဖြစ်ပါသည်။
ကျွန်မ၏သူငယ်ချင်းတစ်ဦးမှာ “သခင်ဘုရား၊ ကိုယ်တော်ကိုကျွန်ုပ် ချစ်ပါ၏” ဟူ၍ သူ့ဆုတောင်းကို အဆုံးသတ်လေ့ရှိသည်။ “တို့အတွက်ကိုယ်တော် ပြုပေးတဲ့အမှုတွေအတွက်…